ချိုရှိ မဂ္ဂဇင်းတွင် ရှီကျင့်ဖိန်၏ အရေးကြီး ဆောင်းပါး တစ်ပုဒ် ထုတ်ပြန်

(GMT+08:00)2022-05-02 13:40:57  

မေလ ၁ ရက်နေ့က ချိုရှိ မဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ “သိပံ္ပနည်းပညာ အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်အောင် တည်ဆောက်ရေးကို တွန်းအားပေးပြီး အရည်အချင်း မြင့်မားသော သိပံ္ပနည်းပညာ ကိုယ့်ကိုယ်ကိုယ် အားကိုးရေးကို ဖေါ်ဆောင်ခြင်း” ခေါင်းစဉ်ဖြစ်သည့် အရေးကြီး ဆောင်းပါး တစ်ပုဒ်ကို ထုန်ပြန်ခဲ့ပါသည်။

ယင်းဆောင်းပါးတွင် သိပံ္ပနည်းပညာလုပ်ငန်းသည် ပါတီနှင့် ပြည်သူများ၏ လုပ်ငန်းများတွင် တလျှောက်လုံး လွန်စွာ အရေးကြီးသည့် မဟာဗျူဟာ အဆင့်နေရာ ရှိပြီး လွန်စွာ အရေးကြီးသော မဟာဗျူဟာ အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်ကာလသစ်၌ ရပ်တည်ပြီး ဖွံ့ဖြိုးတိုးတက်ရေး သဘောတရားသစ်ကို ဖေါ်ဆောင်၍ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ်ကို စီမံကာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ သိပံ္ပနည်းပညာနှင့်ပညာရေးကိုအားကိုးသည့် နိုင်ငံတော် ရှင်သန် ဖွံ့ဖြိုးရေး မဟာဗျူဟာ၊ လူရည်ချွန်များကို အားကိုးသည့် နိုင်ငံတော် ရှင်သန် ဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် ဆန်းသစ်တီထွင်မှုကို အားကိုးသည့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများကို ဇောက်ချ အကောင်အထည်ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ သိပံ္ပနည်းပညာ အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်အောင် တည်ဆောက်ရေးကို တွန်းအားပေးပြီး အရည်အချင်း မြင့်မားသော သိပံ္ပနည်းပညာ ကိုယ့်ကိုယ်ကိုယ် အားကိုးရေးကို ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။