ဒေသစံတော်ချိန် ယခုလ ၁ ရက်နေ့ ည ၉ နာရီ ၄၅မိနစ်ခန့်တွင် မြန်မာနိုင်ငံ ဇလနှင့် ငလျင်ဆိုင်ရာဌာနမှ သတင်းအရ မြန်မာအနောက်ပိုင်းချင်းပြည်နယ်တွင် ရစ်ခ်ျတာစကေး ၅.၄ အဆင့် ငလျင်လှုပ်ခဲ့ကြောင်း၊ ငလျင်ဗဟိုချက်မသည် ဟားခါးငလျင်စမ်းစစ်ရေးစခန်း၏ အရှေ့မြောက်ပိုင်း ၆၄ကီလိုမီတာအကွာတွင်ရှိပြီး မင်းချင်းမြို့နယ်အနောက်တောင်ပိုင်း ၂၉ ကီလိုမီတာတွင်ရှိကာ ငလျင်ဗဟိုချက်မအနက်က ၁၁၂ ကီလိုမီတာရှိကြောင်း၊ ယခုအထိလူအသေအပျောက်များသတင်းမရှိသေးကြောင်း China Media Group မှ သတင်းအရသိရပါသည်။
မြန်မာအနောက်ပိုင်းတွင် ရစ်ခ်ျတာစကေး ၅.၄ အဆင့်ငလျင်လှုပ်
(GMT+08:00)2022-05-02 13:37:57