"Angel Rescue" စစ်ရေးလေ့ကျင့်မှုကိုလက်ဘနွန်ရောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ကအောင်မြင်စွာ ပြီးမြောက်

(GMT+08:00)2022-05-01 18:30:56  

ဒေသစံတော်ချိန် ဧပြီလ ၂၉ ရက်နေ့က အသုတ် ၂၀ လက်ဘနွန်ရောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့သည် လက်ဘနွန်နိုင်ငံရှိကုလသမဂ္ဂ ယာယီတပ်ဖွဲ့မှ စီစဉ်ကျင်းပသော "Angel Rescue" စစ်ရေးလေ့ကျင့်မှုကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့သည်။

"Angel Rescue"စစ်ရေးလေ့ကျင့်မှုကို လက်ဘနွန်-အစ္စရေး နယ်စပ်"အပြာလိုင်း" အနီးရှိ တကယ့်မိုင်းကွင်း တစ်ခုတွင် ပြုလုပ်ခဲ့သည်။ လက်ဘနွန်ရောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့သည် ကျွမ်းကျင်မိုင်းရှင်းလင်းရေးတပ်ဖွဲ့တစ်ခုအဖြစ် လက်ဘနွန်ဆိုင်ရာကုလသမဂ္ဂမစ်ရှင်နယ်မြေတွင်၁၆ နှစ်ကြာ တပ်စွဲထားပြီး သေကျေဒဏ်ရာရရှိမှုမရှိသောမိုင်းရှင်းလင်းရေးအံ့ဖွယ်ရာကိုဖန်တီးခဲ့သည်။