ကရာချိတက္ကသိုလ် ကွန်ဖြူးရှပ် တရုတ်ဘာသာစကားသင်ကျောင်း အကြမ်းဖက်တိုက်ခိုက်မှု နောက်ဆက်တွဲ အထူးရန်ပုံငွေကိုCIEFထူထောင်

(GMT+08:00)2022-05-01 18:35:19  

ဧပြီလ ၂၆ ရက်နေ့က ပါကစ္စတန်နိုင်ငံ ကရာချိတက္ကသိုလ်ရှိ ကွန်ဖြူးရှပ် တရုတ်ဘာသာစကားသင်ကျောင်း လိုင်းကားသည် ကျောင်းဝင်းအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရာတွင် တရုတ်ဆရာဆရာမ ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိကာ ပါကစ္စတန် ဝန်ထမ်းများစွာလည်း ဒဏ်ရာရရှိခဲ့ကြောင်း၊ ဧပြီလ ၃၀ ရက်နေ့က ကွန်ဖြူးရှပ် တရုတ်ဘာသာစကားသင်ကျောင်းကို လည်ပတ်ဆောင်ရွက်သော တရုတ်နိုင်ငံတကာ တရုတ် ဘာသာစကား သင်ကြားပို့ချရေး ဖေါင်ဒေးရှင်း(CIEF)သည် သေဆုံးသူများ၊ ဒဏ်ရာရရှိသူများနှင့် ၄င်းတို့၏ မိသားစုများအားကူညီရန်နှင့် ကရာချိတက္ကသိုလ်ရှိ ကွန်ဖြူးရှပ် တရုတ်ဘာသာစကားသင်ကျောင်း နောက်ဆက်တွဲ အရပ်ကိစ္စများ ကိုင်တွယ်ဆောင်ရွက်ရေးကို အထောက်ကူပြုရန်အတွက် တရုတ်ယွမ်ငွေ ၅ သိန်းဖြင့် ကရာချိတက္ကသိုလ် ကွန်ဖြူးရှပ် တရုတ်ဘာသာစကားသင်ကျောင်း လိုင်းကား အကြမ်းဖက်တိုက်ခိုက်မှု နောက်ဆက်တွဲ အထူးရန်ပုံငွေ ထူထောင်မည်ကို ကြေညာကြောင်း China Media Group မှ သတင်းအရသိရပါသည်။

မကြာခင်ရက်များက ပြည်တွင်းပြည်ပမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် ငွေလှူးဒါန်းပေးရန် ဆန္ဒဖော်ပြခဲ့ပြီး ၄င်းတို့၏ အလှူငွေများလည်း ရန်ပုံငွေအဖွဲ့ အကောင့်သို့ ထည့်သွင်းပြီး သတ်မှတ်ထားသော အကြောင်းအရာများဖြင့် သုံးစွဲမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတကာ တရုတ် ဘာသာစကား သင်ကြားပို့ချရေးဖေါင်ဒေးရှင်းက ကြေညာပါသည်။