ဓာတုလက်နက်ပိတ်ပင်ရေး သဘောတူစာချုပ်ကို ဘက်စုံ ဟန်ချက်ညီစွာ အကောင်အထည် ဖော်ဆောင်ရန် စိန်ခေါ်မှုများရှိသေး

(GMT+08:00)2022-04-30 11:06:13  

ဧပြီလ ၂၉ ရက်နေ့သည် ဓာတုလက်နက် ပိတ်ပင်ရေး သဘောတူစာချုပ် အသက်ဝင်သည့် ၂၅ နှစ်မြောက် နေ့ဖြစ်သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဓာတုလက်နက် ပိတ်ပင်ရေး သဘောတူစာချုပ်ကို ဘက်စုံ ဟန်ချက်ညီစွာ အကောင်အထည် ဖော်ဆောင်ရန် စိန်ခေါ်မှုများစွာ ရင်ဆိုင် နေရသေးကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။

အမေရိကန်နိုင်ငံ လက်ရှိ သိုလှောင်ထားသော ဓာတုလက်နက်များကို မပြီးပြတ်ဖျက်ဆီးသေး၍ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်က တစ်ခုတည်းသော သိုလှောင်ထားသော ဓာတုလက်နက် ပိုင်ဆိုင်သော နိုင်ငံပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအတွင်းဂျပန်နိုင်ငံစွန့်ပစ်ထားသောဓာတုလက်နက်များဖျက်ဆီးမှုသည် အကြိမ်ကြိမ် ရက်လွန်ပြီးမဖျက်ဆီးသေး၍ တရုတ်ပြည်သူများ၏ အသက်စည်းစိမ်အပြင် တရုတ်ပြည်၏ ဂေဟစနစ်ပတ်ဝန်းကျင်ကိုလည်း ပြင်းထန်စွာခြိမ်းခြောက်နေကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများသည် ဓာတုလက်နက်ပိတ်ပင်ရေး သဘောတူစာချုပ် သြဇာအာဏာကို လက်တွဲ ထိန်းသိမ်းကာကွယ်ရန် တာဝန်ဝတ္တရားများကို ထိထိရောက်ရောက် ထမ်းဆောင်ရမည် ဖြစ်ကြောင်း ကျောက်လိကျန်းကပြောကြားပါသည်။