အသက် ၂၀ ကျော် ဗို့အားမြင့် လျှပ်စစ်လိုင်း ဝန်ထမ်း

(GMT+08:00)2022-04-30 11:08:23  

လီကျားစီဟု ခေါ်သော မိန်းကလေးသည် ၁၉၉၅ခုနှစ်က မွေးဖွားသူ ဖြစ်ပြီး တရုတ် ဝူဟန့်တက္ကသိုလ်၌ မဟာဘွဲ့ ရရှိပြီးနောက် ယခုအချိန်တွင် တရုတ်နိုင်ငံတော် လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (SGCC) ဟန်ကျိုး လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီခွဲမှ လျှပ်စစ်လိုင်း ဝန်ထမ်း တစ်ဦး ဖြစ်ပါသည်။ သူမသည် ယင်းကုမ္ပဏီထူထောင်ခဲ့သည့် ၆၃ နှစ်အတွင်းတွင် အမြင့်နေရာတွင် အလုပ်လုပ်သည့် ပထမဦးဆုံး အမျိုးသမီး ဝန်ထမ်းပင်ဖြစ်သည်။

လီကျားစီသည် ရွယ်တူမိန်းကလေးများကဲ့သို့ပင် စာဖတ်ခြင်း၊ တေးဂီတနားထောင်ခြင်း၊ ဈေးဝယ်ခြင်း စသည်တို့ကို ဝါသနာရှိသည်။ နာမည်ကြီးတက္ကသိုလ်၌ မဟာဘွဲ့ရသူ ဖြစ်ပြီး အဘယ်ကြောင့် ဤကဲ့သို့ ပင်ပင်ပန်းပန်းအလုပ်ကို ရွေးချယ်လုပ်ကိုင်သနည်းဟု သူမ၏ သူငယ်ချင်းများက မေးကြသည်။ လီကျားစီးက မိမိကိုယ်တိုင် စက်ပစ္စည်းများကို ထိထိမိမိ မသုံးလျှင် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၏ လက်တွေ့ကျသောကိစ္စရပ်များကိုသိရှိနိုင်မည် မဟုတ်ဟုဖြေကြားခဲ့သည်။