တရုတ်နိုင်ငံသည် Four dimensional 01/02 ဂြိုလ်တု ၂စင်းကို အောင်မြင်စွာ လွှတ်တင်

(GMT+08:00)2022-04-30 13:58:15  

ဧပြီလ ၂၉ ရက်နေ့ ၁၂ နာရီ ၁၁ မိနစ်တွင် တရုတ်နိုင်ငံသည် ကျိုချွမ် ဂြိုလ်တုလွှတ်တင်ရေးစင်တာတွင် လောင်းမတ်ခ်ျ-၂ (၈) သယ်ဆောင်ဒုံးပျံဖြင့် Four dimensional 01/02 ဂြိုလ်တု ၂စင်းကို အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း၊ ယင်းဂြိုလ်တု၂စင်းသည် သတ်မှတ်ထားသည့်ကမ္ဘာပတ်လမ်းကြောင်းသို့ ချောမောစွာ ဝင်ရောက်ခဲ့ပြီး ယခုအကြိမ် လွှတ်တင်မှုတာဝန် အောင်မြင်ပါကြောင်းChina Media Group မှသတင်းအရသိရပါသည်။