မေလ ၃ ရက်မှစ၍ ပီကင်းမြို့သူမြို့သားများ အခမဲ့ nucleic acid တိုင်းတာ စစ်ဆေးနိုင်မည်

(GMT+08:00)2022-04-30 11:09:44  

    ကိုဗစ်-၁၉ ပုံမှန် တိုင်းတာစစ်ဆေးရေးလုပ်ငန်း စနစ်တကျ ဖေါ်ဆောင်ရေးကို အာမခံပေးနိုင်ရန်နှင့် မြို့သူမြို့သားများကို တတ်နိုင်သမျှ အဆင်ပြေစွာ တိုင်းတာစစ်ဆေးစေနိုင်ရန် အတွက် ပီကင်းမြို့သည် မေလ ၃ ရက်နေ့မှစ၍ ပီကင်းမြို့သူမြို့သားများ အခမဲ့ nucleic acid တိုင်းတာ စစ်ဆေးနိုင်မည်ဟု သတ်မှတ်ထားပြီး တိုင်းတာစစ်ဆေး စရိတ်များကို ဘဏ္ဍာရေး ငွေကြေးနှင့် ဆေးဝါးကုသရေး အာမခံရန်ပုံငွေတို့ ပူးတွဲ တာဝန်ခံမည် ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် တစ်မြို့လုံး nucleic acid တိုင်းတာ စစ်ဆေးရေး ကွန်ရက်ကို ပိုမို ပြည့်စုံကောင်းမွန်အောင် ချထားမည် ဖြစ်ပြီး လူအများအား အချိန်မီ ထုတ်ပြန်မည် ဖြစ်ကြောင်း China Media Groupမှ သတင်းအရသိရပါသည်။