အမေရိကန်သည် လူ့အခွင့်အရေးကို နိုင်ငံရေးကိစ္စဖြစ်အောင်အားဖြည့် လုပ်ဆောင်ပြီး ကမ္ဘာ့လူ့အခွင့်အရေး လုပ်ငန်း တိုးတက်ရေးကို ဟန့်တားသည်ဟု တရုတ်ဆို

(GMT+08:00)2022-04-30 13:56:22  

မကြာခင်က အမေရိကန်မှ ၂၀၂၁ ခုနှစ် နိုင်ငံအလိုက် လူ့အခွင့်အရေး အစီရင်ခံစာ ထုတ်ပြန်ပြီး  နိုင်ငံအများအပြားက ပြင်းပြင်းထန်ထန် ကန့်ကွက်၍ ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အမေရိကန်သည် ၎င်း၏ ဗိုလ်ကျစိုးမိုးရေး အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်ရန် လူ့အခွင့်အရေးကို နိုင်ငံရေးကိစ္စ ဖြစ်အောင် အားဖြည့် လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာ့လူ့အခွင့်အရေး ပုံမှန် တိုးတက်ရေးကို ဟန့်တားနေကြောင်း၊ အစီရင်ခံစာတွင် အမေရိကန်သည် တစ်ကမ္ဘာလုံးရှိ နိုင်ငံနှင့်ဒေသပေါင်း ၁၉၈ခု၏ လူ့အခွင့်အရေး အခြေအနေများကို ပြစ်တင်ဝေဖန်ပြီး အမေရိကန်ကိုမူ မပါဝင်ကြောင်း၊ အခြားနိုင်ငံများ၏ လူ့အခွင့်အရေးကို အကြောင်းမဲ့ပြင်တင်ဝေဖန်ခြင်းသည် အမေရိကန်၏ လူ့အခွင့်အရေး ပိုကောင်းအောင် ပြောင်းလဲစေမည်မဟုတ်ဘဲ ၄င်း၏ စံ၂မျိုးထားခြင်းကိုသာ ပေါ်လွင်စေမည် ဖြစ်ကြောင်း ဧပြီလ ၂၉ ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။