တရုတ်-ဆော်လမွန်ကျွန်းစု လုံခြုံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူညီချက်အပေါ် ယင်းနိုင်ငံများ လက်ညှိုးတထိုးထိုးလုပ်ရန် ဘာအခွင့်အရေး ရှိသလဲဟု တရုတ်နိုင်ငံခြားရေး ဒု ဝန်ကြီး ဆို

(GMT+08:00)2022-04-29 15:23:08  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး ရှဲ့ဖုန်းသည် ယခုလ ၂၈ ရက်နေ့က ဗီဒီယိုအသွင်ပုံစံဖြင့် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးစင်တာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ မကြာမီက တရုတ်-ဆော်လမွန်ကျွန်းစု လုံခြုံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူညီချက်အပေါ် နိုင်ငံအချို့မှ ကောလာဟလများနှင့် ဝင်ရောက်စွက်ဖက်ခြင်းနှင့် စပ်လျဉ်း၍ တုံ့ပြန်ပြောဆိုရာတွင် ရှဲ့ဖုန်းသည် တရုတ်ပြည်မှ တည်ကြည်လေးနက်သော သဘောထားရပ်တည်ချက်ကို ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။