ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်ဆိုင်ရာ အပြောအဆိုများသည် အလွန်မောက်မာပြီး ကျိုးကြောင်းဆီလျော်မှု မရှိဟု တရုတ်ဆို

(GMT+08:00)2022-04-29 15:20:54  

    ဒေသစံတော်ချိန် ဧပြီလ ၂၇ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ထရာစ်က မိန့်ခွန်း ပြောကြားခဲ့ရာတွင် တရုတ်ပြည်အား အကြောင်းမရှိ ဝေဖန်ခဲ့ပါသည်။ ၄င်းက တရုတ်ပြည် သည် ရုရှားအား ပြစ်တင်ရှုတ်ချခြင်း မပြုလုပ်ကြောင်း ဝေဖန်ပြီး တရုတ်ပြည်က နိုင်ငံတကာ စည်းကမ်းများကို မလိုက်နာပါက အနောက်နိုင်ငံများသည် ပူးတွဲပြီး တရုတ်ပြည်၏ ဖွံ့ဖြိုး တိုးတက်မှုကို ဟန့်တားမည်ဖြစ်ကာ အနောက်နိုင်ငံများအနေနှင့် ထိုင်ဝမ်ဒေသ၏ ကာကွယ်မှုကို ထောက်ပံ့မှု ပေးသင့်ကြောင်း ဖော်ပြခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ ဗြိတိန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဗြိတိန်အစိုးရ အရာရှိ၏ အထက်ပါ အပြောအဆိုသည် အလွန်မောက်မာပြီး ကျိုးကြောင်းဆီလျော်မှုမရှိကြောင်း၊ တရုတ်ပြည်က ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်မိပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ယမန်နေ့ ၂၈ ရက်နေ့က ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။