အမေရိကန်နှင့် သြစတြေးလျတို့က တောင်ပစိဖိတ်ဒေသတွင် "မွန်ရိုးအယူဝါဒသစ်"ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်းသည် အောင်မြင်နိုင်မှာ မဟုတ်ကြောင်း တရုတ်ဆို

(GMT+08:00)2022-04-28 14:59:22  

တရုတ်နှင့် ဆော်လမွန်ကျွန်းစုအကြား လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် အမေရိကန်နှင့် သြစတြေးလျမှ အရာရှိများ၏ အပြစ်တင်ခြင်းကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က အမေရိကန်နှင့် သြစတြေးလျတို့သည် တောင်ပစိဖိတ်ကျွန်းစုနိုင်ငံများ၏ နိုင်ငံခြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို လွတ်လပ်စွာ တွန်းအားပေးရန် အခွင့်အရေးနှင့် လွတ်လပ်မှုကို လေးစားသင့်ကြောင်း၊ တောင်ပစိဖိတ်ဒေသတွင် "မွန်ရိုးအယူဝါဒသစ်"ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်းသည် လူကြိုက်များမည် မဟုတ်သလို အောင်မြင် နိုင်မှာလည်း မဟုတ်ကြောင်း  ဧပြီလ ၂၇ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ဝမ်ဝင်ပင်က ဩစတြေးလျနိုင်ငံရေးသမားအချို့သည် တရုတ်နိုင်ငံအား သရုပ်ပျက် စေသော အပြောအဆိုများဖြင့် နိုင်ငံရေးအကျိုးစီးပွားကို ရရှိရန် ဆောင်ရွက်လေ့ ရှိကြောင်း၊ ၄င်းတို့၏ အပြောအဆိုများသည် နိုင်ငံတကာမိသားစုကြီးကို လှည့်စားနိုင်မှာ မဟုတ်သလို သြစတြေးလျ ပြည်သူများကိုလည်း လှည့်စားနိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။