“တောင်ထိပ်တာဝန်”ချိုမိုလန်မာတောင် သိပ္ပံပညာ စူးစမ်းလေ့လာရေး လှုပ်ရှားမှုကို ယနေ့တွင် ဘက်စုံစတင်

(GMT+08:00)2022-04-28 14:53:11  

ဒုတိယအကြိမ် ချင်းဟိုင်-ရှီးဇန့်(တိဘက်)ကုန်းပြင်မြင့် အထွေထွေသိပ္ပံပညာ စူးစမ်းလေ့လာရေးအဖွဲ့မှ ထုတ်ပြန်သော သတင်းအရ “တောင်ထိပ်တာဝန်”ချိုမိုလန်မာ တောင် သိပ္ပံပညာ စူးစမ်းလေ့လာရေး လှုပ်ရှားမှုကို ဧပြီလ ၂၈ရက်နေ့တွင် ဘက်စုံ စတင်မည်ဖြစ်ပါသည်။

ယခုအကြိမ် သိပ္ပံပညာ စူးစမ်းလေ့လာရေး လှုပ်ရှားမှုသည် ဒုတိယအကြိမ် ချင်ဟိုင်း-ရှီးဇန့်(တိဘက်)ကုန်းပြင်မြင့် အထွေထွေသိပ္ပံပညာ စူးစမ်းလေ့လာရေး လှုပ်ရှားမှုကို ၂၀၁၇ခုနှစ်က စတင်ပြီးနောက် ပညာရပ်အများဆုံး၊ ပါဝင်သော အဖွဲ့ဝင် အများဆုံး၊ အသုံးပြုသော ပစ္စည်း ကိရိယာများ ခေတ်အမီဆုံးသော အထွေထွေသိပ္ပံပညာ စူးစမ်းလေ့လာရေးလှုပ်ရှားမှုဖြစ်ပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၈၀၀၀ကျော်ကို ပထမဆုံးအကြိမ် ကျော်လွှားပြီး ချိုမိုလန်မာတောင်ထိပ်တွင် အထွေထွေ သိပ္ပံပညာ စူးစမ်းလေ့လာရေးလှုပ်ရှားမှုကို ပြုလုပ်မည်ဖြစ်ကာ လူသားမှ ချိုမိုလန်မာ တောင်ဒေသတွင် ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်သော အထွေထွေ သိပ္ပံပညာ စူးစမ်းလေ့လာ ရေး လှုပ်ရှားမှု ပြုလုပ်ခြင်းဖြစ်ပါသည်။