တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မရှင် ၁၁ကြိမ်မြောက် အစည်းအဝေးကို ရှီကျင့်ဖိန် ဦးစီးကျင်းပ

(GMT+08:00)2022-04-28 16:21:37  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ဧပြီလ ၂၆ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မရှင် ၁၁ကြိမ်မြောက်အစည်းအဝေးကို ဦးစီးကျင်းပခဲ့ရာ အခြေခံအဆောက် အအုံတည်ဆောက်မှု ဘက်စုံအားသစ်လောင်းပေးရေး၊ ၁၉ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ ပြည်လုံးဆိုင်ရာညီလာခံကြီး ကျင်းပပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မရှင် အစည်းအဝေးများမှ ဆုံးဖြတ်ချက်များ ကို အကောင်အထည်ဖော်မှုအခြေအနေကို လေ့လာခဲ့ပါသည်။

ရှီကျင့်ဖိန် က အခြေခံအဆောက်အအုံမှာ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသော ကျားကန်ပေးမှုဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံရေးကို ထည့်သွင်း စဉ်းစားပြီး ဘက်ပေါင်းစုံမှနေ၍ စီမံခန့်ခွဲရကြောင်း၊ အခြေခံအဆောက်အအုံ ခင်းကျင်းမှု၊ ဖွဲ့စည်းပုံ၊ စွမ်းဆောင်နိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပုံစံကို ပိုမိုကောင်းမွန်လာစေရကြောင်း၊ ခေတ်မီအခြေခံအဆောက်အအုံစနစ်ကို ထူထောင်ပြီး ဆိုရှယ်လစ်ခေတ်မီနိုင်ငံ ဘက်စုံ တည်ဆောက်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ချပေးရကြောင်း ပြောကြားခဲ့ပါသည်။