အလုပ်သမားများ၏ အရည်အချင်းတိုးမြှင့်ရန် ရှီကျင့်ဖိန် ညွှန်ကြား

(GMT+08:00)2022-04-28 14:47:34  

ဧပြီလ ၂၇ ရက်နေ့က ပထမအကြိမ် နိုင်ငံတော်အလုပ်သမားများ ဆန်းသစ်တီထွင်မှု ကူးလူးဖလှယ်ရေး အစည်းအဝေးကို ပီကင်းတွင် ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ပြီး အစည်းအဝေးကို ဂုဏ်ပြုကြောင်း၊ မေလ ၁ ရက်နေ့ နိုင်ငံတကာအလုပ်သမားများနေ့ ကျရောက်တော့မည့် အခါသမယတွင် ကျွန်တော်အနေနှင့် ကွန်မြူနစ်ပါတီဗဟိုကော်မတီကိုယ်စား ကျွမ်းကျင်အလုပ်သမားများနှင့် စံပြအလုပ်သမားများကို စိတ်ရင်းသန့်သန့်ဖြင့် နှုတ်ခွန်း ဆက်သကြောင်း၊ အလုပ်သမားများနေ့မှာ အလုပ်သမားများကို ဂုဏ်ပြုကြောင်း ဖော်ပြသည်။

အလုပ်သမားများ၏ အရည်အချင်းသည် နိုင်ငံနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်မတန် အရေးကြီးကြောင်း၊ လက်ရှိကမ္ဘာတွင် နိုင်ငံတော်အထွေထွေအင်အား ယှဉ်ပြိုင်မှုသည် အရင်းခံအားဖြင့် လူရည်ချွန်နှင့် အလုပ်သမားများ၏ အရည်အချင်း ယှဉ်ပြိုင်မှုပင် ဖြစ်သည်။