အကြမ်းဖက်မှုကို ပြတ်ပြတ်သားသားတိုက်ခိုက်ရန် ပါကစ္စတန်နှင့်အတူ ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု တရုတ်ဆို

(GMT+08:00)2022-04-28 14:58:11  

ယမန်နေ့ ၂၇ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘာဇ်က ၂၆ရက်နေ့ညက ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးသို့ သွားရောက်ကာ အကြမ်းဖက် တိုက်ခိုက်မှုခံရခြင်းအပေါ် တရုတ်ပြည်အား ဝမ်းနည်းကြောင်းဖော်ပြခဲ့ပြီး ကယ်ဆယ်ရေး၊ သေဆုံးသူ ဆိုင်ရာ နောက်ဆက်တွဲရေးရာနှင့်  စုံစမ်းစစ်ဆေးရေးလုပ်ငန်း များကို အမြန်ဆုံး စတင်ခဲ့သည်ကို တရုတ်ပြည်က သတိပြုမိကြောင်း၊ တရုတ်- ပါကစ္စတန်ချစ်ကြည်ရေးသည် ခိုင်မာရင်းနှီးပြီး ဖြိုခွင်း၍ မရနိုင်ဘဲ တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးကို ဖျက်ဆီးသည့် ကြံစည်မှု မှန်သမျှသည် အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ တရုတ်ပြည်အနေနှင့် အကြမ်းဖက်မှုကို ပြတ်ပြတ်သားသား တိုက်ခိုက်ရန် ပါကစ္စတန်နှင့်အတူ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး နောက်ကွယ်က ရာဇဝတ်ကောင်များ ကို ၄င်းတို့ ပေးဆပ်ရမည့် တန်ရာတန်ကြေးအတိုင်း ပေးဆပ်သွားရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။