ကန်သည် နိုင်ငံတစ်နိုင်ငံကိုဖြိုဖျက်ပြီး မျိုးဆက်တစ်ဆက်၏ အနာဂတ်ကို ဖျက်ဆီးခဲ့သည်ဟု တရုတ် ဆို

(GMT+08:00)2022-04-27 14:00:23  

အမေရိကန်သည် အာဖဂန် ဗဟိုဘဏ်၏ ငွေကြေးပိုင်ဆိုင်မှုများအား တရားမဝင် ချိတ်ပိတ်ခြင်းကို ချက်ချင်း ရုပ်သိမ်းသင့်ကြောင်း၊ အာဖဂန်ပြည်သူများ ဆုံးရှုံးခဲ့သော အနှစ်၂၀အပေါ် တောင်းပန်မှုနှင့် လျော်ကြေးပေးမှု ပြုလုပ်သင့်ပြီး အာဖဂန်ပြည်သူများအား သတ်ခဲ့သည့် လူသတ်သမားများကို ဥပဒေအရ ဖမ်းဆီးသင့်ကြောင်း ယခုလ ၂၆ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပြောကြားခဲ့သည်ဟု China Media Groupမှသတင်းအရသိရပါသည်။

ဝမ်ဝင်ပင်က အမေရိကန်သည် အာဖဂန်သို့ ကျူးကျော်ဝင်ရောက်ခဲ့သော နှစ်၂၀အတွင်း

အရပ်သား ၃၀၀၀၀ ကျော် အပါအဝင် အာဖဂန်နိုင်ငံသား ၁၇၄,၀၀၀တို့၏ အသက်များကို ယူသွားခဲ့ပြီး အာဖဂန်ပြည်သူများ အသက်ရှင်ရပ်တည်ရေးအတွက် အသက်ကယ်ငွေများကိုလည်း သိမ်းယူသွားခဲ့ကြောင်းပြောကြားခဲ့သည်။