ဥရောပအပါအဝင် ကမ္ဘာအား ပိုမိုဆိုးဝါးစွာ နစ်နာဆုံးရှုံးမှု မခံစေရန် သက်ဆိုင်ရာဘက်အသီးသီးတို့ချင့်ချိန်ချုပ်တည်းရန်လိုသည်ဟုတရုတ်ဆို

(GMT+08:00)2022-04-27 14:08:36  

ရုရှား နိုင်ငံခြားရေးဝန်ကြီး လာဖ်ရို့ဖ်က လက်ရှိ ရုရှား-ယူကရိန်း အခြေအနေသည် တတိယကမ္ဘာစစ်ကြီး ဖြစ်နိုင်ရန် ခြိမ်းခြောက်မှုနှုင့် ရင်ဆိုင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဧပြီလ ၂၆ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာ ဘက်အသီးသီးတို့သည် အခြေအနေတစ်ဆင့်တိုး ဆိုးဝါးမလာအောင်နှင့်ဥရောပအပါအဝင် ကမ္ဘာအား ပိုမိုဆိုးဝါးစွာ နစ်နာဆုံးရှုံးမှု မခံစေရန် ချင့်ချိန်ချုပ်တည်းသော သဘောထားစေလိုကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။