ကန်အနေနှင့် ၄င်းဖွဲ့စည်းပုံစနစ်၏ ဆိုးဝါးသော ချွတ်ယွင်းချက်နှင့် လူ့အခွင့်အရေးပြဿနာများကို ရဲရင့်စွာ ရင်ဆိုင်ပြီး ကိုင်တွယ်ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မျှော်လင့်

(GMT+08:00)2022-04-27 14:09:21  

ယခုရက်များတွင် အမေရိကန်နိုင်ငံ၌ ရှေ့ဆင့်နောက်ဆင့်ဖြစ်ပွားခဲ့သည့် သေနတ်အကြမ်းဖက်မှု အမှုအခင်းများနှင့်ပတ်သက်၍ ဧပြီလ ၂၆ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က အမေရိကန်နိုင်ငံအနေနှင့် လုပ်သင့်လုပ်ထိုက်သည်မှာ ၄င်းဖွဲ့စည်းပုံစနစ်၏ ဆိုးဝါးသော ချွတ်ယွင်းချက်နှင့် လူ့အခွင့်အရေးပြဿနာများကို ရဲရင့်စွာ ရင်ဆိုင်ပြီး ကိုင်တွယ်ဖြေရှင်းကာ အမေရိကန် ပြည်သူများအား သေနတ်အကြမ်းဖက်မှုဆိုင်ရာ ကြောက်ရွံ့မှုမှ ကင်းလွတ်ဖို့ လွတ်လပ်မှု ရရှိရန် လိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က လူတိုင်း လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်ခွင့်နှင့် လွတ်လပ်မှု ပိုင်ဆိုင်ထားသည် ဟူသော အမေရိကန်အိပ်မက်ကို သေနတ်ပစ်ခတ်သံဖြင့် ဖျက်ဆီးလိုက်ပြီး လူများအား အမေရိကန်ပုံစံ လူ့အခွင့်အရေးကို ပြန်လည်သုံးသပ်စေခဲ့သည်၊ အမေရိကန်ပုံစံ လူ့အခွင့်အရေးမှာ လူတိုင်း အချိန်မရွေး သေနတ်ပစ်ခတ်နိုင်သော အခွင့်အရေး ရှိပါသလား၊ စိတ်ထင်တိုင်း ထင်ရာစိုင်း လူသတ်ဖြတ်ခြင်း၊ ပြည်သူများအား ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတွင် နစ်မြုပ်သွားစေခြင်းမှာ အမေရိကန်ပုံစံ လူ့အခွင့်အရေးကို ဖော်ပြခြင်းလား ဟု ပြောကြားခဲ့ပါသည်။