ကရာချိ တက္ကသိုလ် ကွန်ဖြူးရှပ် တရုတ်ဘာသာသင်ကျောင်း၏ ကျောင်းကား အကြမ်းဖက်တိုက်ခိုက်မှု ခံရခြင်းအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်၊ တရုတ်လူမျိုးများ၏သွေးကို အလဟဿ အဖြစ်မခံနိုင်ဘဲနောက်ကွယ်မှချုပ်ကိုင်သူများသည် ပေးဆပ်ရမည်ဟုဆို

(GMT+08:00)2022-04-27 14:06:18  

ဧပြီလ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ကရာချိ တက္ကသိုလ် ကွန်ဖြူးရှပ် တရုတ်ဘာသာသင်ကျောင်း၏ ကျောင်းကား အကြမ်းဖက်တိုက်ခိုက်မှု ခံရခြင်းနှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံသည် အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချပြီး အလွန်ဒေါသတကြီးဖြစ်ကြောင်း၊ သေဆုံးသူများအပေါ် အလွန်ဝမ်းနည်းကြေကွဲမိကြောင်း၊ ဒဏ်ရာရသူများနှင့် ကျန်ရစ်သူမိသားစုများအား နှစ်သိမ့်ပါကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပါကစ္စတန်ရှိတရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးတို့သည် ပါကစ္စတန် သက်ဆိုင်ရာဌာနများအား နောက်ဆက်တွဲကိစ္စနှင့် ဒဏ်ရာရသူ၏ကုသမှုလုပ်ငန်းများကို ကောင်းမွန်စွာလုပ်ဆောင်ရန်နှင့် အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်နေသည့် အကြမ်းဖက် အဖွဲ့အစည်းများကို ပြတ်ပြတ်သားသား နှိမ်နင်းရန် ဆက်လက်တိုက်တွန်းမည်ဖြစ်ကြောင်း၊ တရုတ်လူမျိုးများ၏ သွေးကို အလဟဿအဖြစ် မခံနိုင်ဘဲ ဤဖြစ်ရပ်၏နောက်ကွယ်မှ ချုပ်ကိုင်သူသည် သေချာပေါက် ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါသည်။