ရှင်ကျိုး-၁၃ လူပါအာကာသယာဉ်၏ မော်ကျူးကိုပီကင်း၌ ဖွင့်လှစ်

(GMT+08:00)2022-04-27 13:59:03  

ယခုလ ၂၆ ရက်နေ့ ညနေပိုင်းတွင် ရှင်ကျိုး-၁၃ လူပါအာကာသယာဉ်၏ မော်ကျူးကိုပီကင်း၌ ဖွင့်လှစ်ခဲ့ပါသည်။ ယူနန်၊ နင်ရှာ့ အစိုးရဌာနများ၊ ရှမ်ရှီးပြည်နယ် ယူလင်မြို့ အစိုးရဌာန၊တရုတ် လယ်ယာစိုက်ပျိုးရေးတက္ကသိုလ်၊ ပီကင်းသစ် တောတက္ကသိုလ်၊ ကျုံးနွန်ဖားမျိုးစေ့ ကုမ္ပဏီအုပ်စု၊ အာကာသမျိုးစေ့မျိုးပွား လုပ်ငန်းဆန်းသစ်တီထွင်ရေးအဖွဲ့ချုပ် စသည့် ဌာနများမှ တင်ဆောင်ထားသောသီးနှံမျိုးစေ့များ၊ China Media Groupမှ တင်ဆောင်ထားသောရှင်ကျိုး-၁၃ အာကာသယာဉ်မှူးများကကမ္ဘာပတ်လမ်းကြောင်းတွင် ရိုက်ကူးထားသည့် 8Kအဆင့်မြင့် ကြည်လင်မှု ဗီဒီယိုသိုလှောင်ကတ် စသဖြင့်ကိုမော်ကျူးမှနေချောမောစွာထုတ်ယူနိုင်ခဲ့သည်ဟုChina Media Groupမှ သတင်းအရသိရပါသည်။

တရုတ် လူပါအာကာသလုပ်ငန်းဖေါ်ဆောင်ကတည်းကယနေ့အထိနိုင်ငံတော်နှင့် ပြည်သူများအားအကျိုးပြု ဝန်ဆောင်မှုပေးခြင်းနှင့် အထွေထွေ အကျိုးဖြစ်ထွန်းမှု တိုးမြင့်ခြင်းကိုတစ်လျှောက်လုံးအလေးထားပြီးသိပံ္ပနည်းပညာသုတေသနပြုရေး၊ လယ်ယာစိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေး၊ ထိမိတိကျစွာဆင်းရဲမှု လျှော့ချရေးစသည့်နယ်ပယ်များ၌ အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ခဲ့ပါသည်။