ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်မှုကို စွဲကိုင်ရန်၊ တော်လှန်ရေး အစဉ်အလာကို ဆက်ခံရန်၊ တရုတ်ထူးခြားချက် ဝိသေသပါရှိသော ကမ္ဘာ့ ရှေ့ပြေး တက္ကသိုလ် တည်ဆောက်ရေးလမ်းကြောင်းသစ်ကို လျှောက်လှမ်းရန် မှာကြား

(GMT+08:00)2022-04-27 10:51:43  

ဧပြီလ ၄ ရက် လူငယ်များနေ့ ကျရောက်တော့မည့် အခါသမယ၌ ယခုလ ၂၅ ရက်နေ့ နံနက်ပိုင်းကတရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ်ပြည်သူ့တက္ကသိုလ်သို့ သွားရောက် လေ့လာကြည့်ရှုခဲ့သည်ဟုဆင်ဟွာသတင်းအရသိရပါသည်။

ရှီကျင့်ဖိန်သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီကိုယ်စား၊ တစ်ပြည်လုံးတိုင်းရင်းသားပေါင်းစုံမှ လူငယ်များအားစိတ်ရင်းသန့်သန့်ဖြင့် ထောမနာ ပြုပါကြောင်း၊ တရုတ်ပြည်သူ့တက္ကသိုလ်မှ ဆရာဆရာမများ၊ ဝန်ထမ်းများ၊ တစ်ပြည်လုံးမှ ပညာရေးဝန်ထမ်းများနှင့် လူငယ်ရေးရာ ဝန်ထမ်းများအား နှုတ်ခွန်းဆက်သပါကြောင်း ဖေါ်ပြထားပါသည်။

ရှီကျင့်ဖိန်ကတစ်ပြည်လုံးမှ လူငယ်များသည် ပါတီ၏ သွန်သင်ဆုံးမချက်ကိုစွဲစွဲမြဲမြဲမှတ်ထားပြီး အမျိုးသားရှင်သန်ရေးအတွက် ကြိုးပမ်းကာ ယနေ့ခေတ် လူငယ်များ၏ အကောင်းဆုံးအောင်မှတ်များရရှိနိုင်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်းပြောကြားပါသည်။

ရှီကျင့်ဖိန်ကတရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်မှုကိုစွဲကိုင်ရန်၊ ပါတီနှင့် ပြည်သူများ၏ လုပ်ငန်းအတွက် အကျိုးပြုရေးကိုစွဲကိုင်ရန်၊ တော်လှန်ရေးအစဉ်အလာကိုဆက်ခံရန်၊ တရုတ်နိုင်ငံ၏ မြေကြီးတွင် အမြစ်တွယ်ပြီးတက္ကသိုလ်များကို ပြုလုပ်၍ တရုတ်ထူးခြားချက် ဝိသေသပါရှိသောကမ္ဘာ့ ရှေ့ပြေးတက္ကသိုလ် တည်ဆောက်ရေးလမ်းကြောင်းသစ်ကိုလျှောက်လှမ်းရန် မှာကြားခဲ့ပါသည်။