တရုတ်ပြည်တွင်းရေးရာကို ဝင်ရောက်စွက်ဖက်မှုနှင့်တရုတ်ပြည်အား သရုပ်ပျက်အောင်လုပ်ဆောင်မှု စသောလုပ်ရပ်များကို ပြတ်သားစွာ ငြင်းပယ်သည်ဟု တရုတ် ဆို

(GMT+08:00)2022-04-26 16:51:24  

တရုတ်နိုင်ငံသည် အမေရိကန်နှင့်ဥရောပမှ တရုတ်ပြည်တွင်းရေးရာကို ဝင်ရောက်စွက်ဖက်မှု နှင့် တရုတ်ပြည်အား သရုပ်ပျက်အောင်လုပ်ဆောင်မှု စသော လုပ်ရပ်များကို ပြတ်သားစွာ ငြင်းပယ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်အား တည်ကြည်လေးနက်စွာ အရေးဆိုပြီး တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ဖော်ပြထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ၂၅ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်ပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ယခုတလောတွင် အမေရိကန်နှင့်ဥရောပတို့သည် တတိယအကြိမ် တရုတ်ရေးရာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ထိုင်ဝမ်၊ ရှင်းကျန်း၊ “တရုတ်ဘက်မှ မဟုတ်မမှန်သတင်းကို ပြန့်ပွားခြင်း” စသော ပြဿနာများနှင့်ပတ်သက်၍ အာရုံစိုက်မှုဆိုသည်ကို ဖော်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။