တရုတ်ပြည်သည် Omicron ခုခံမှုစစ်ပွဲကို တင်းတင်းကျပ်ကျပ် တွန်းအားပေးပြီး အောင်ပွဲခံရမည်မှာ သေချာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00)2022-04-26 16:50:59  

တရုတ်နိင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က Omicron ဗိုင်းရပ်စ်နှင့် ရင်ဆိုင်ရာတွင် တရုတ်ပြည်က ဘာမှ မလုပ်ဘဲနေမည် မဟုတ်ဘဲ၊ Omicron ခုခံမှုစစ်ပွဲကို တင်းတင်းကျပ်ကျပ် တွန်းအားပေးပြီး အောင်ပွဲခံရမည်မှာ သေချာကြောင်း၊ ကမ္ဘာ့အတွက် ပိုမိုကြီးမားသော စွမ်းဆောင်မှုလည်း ပြုမည်ဖြစ်ကြောင်း ယခုလ ၂၅ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟုChina Media Group မှ သတင်းအရသိရသည်။