ရှီကျင့်ဖိန်သည် မက်ကရွန်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2022-04-26 16:44:58  

ယခုလ ၂၅ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ပြင်သစ် သမ္မတ အဖြစ် နောက်ထပ်တစ်ကြိမ် အရွေးခံခဲ့ရသော မက်ကရွန်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က လွန်ခဲ့သည့် ငါးနှစ်အတွင်း မိမိတို့၏ လက်တွဲ ဦးဆောင်မှုဖြင့် တရုတ်နှင့် ပြင်သစ်နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုသည် အရည်အချင်း မြင့်မားစွာ တိုးတက်လာကြောင်း၊ နှစ်ဖက်တို့သည် နယ်ပယ်အသီးသီး၌ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်တိုက် ဇောက်ချ ပြုလုပ်ပြီး ကိုဗစ်-၁၉ကို ပခုံးချင်းယှဉ် တိုက်ဖျက်ကာ နိုင်ငံစုံဝါဒကို လက်တွဲ ထိန်းသိမ်းကာကွယ်၍ နိုင်ငံတကာ စီမံခန့်ခွဲရေး ပိုမို ပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ မိမိသည် သမ္မတ မက်ကရွန်နှင့် အတူ နှစ်နိုင်ငံ ဆက်ဆံမှု အဆက်မပြတ် အဆင့်သစ်ကို တိုးတက်ရန် ဆက်လက် တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူများနှင့် ကမ္ဘာ့ပြည်သူများအတွက် အကျိုးပြုလိုပါကြောင်း ဖေါ်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။