တရုတ် အကောက်ခွန်ရုံးချုပ်သည် တောင်ကိုရီးယားနှင့် မြန်မာ ကုမ္ပဏီ ၂ခု အပေါ် အရေးပေါ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက် ကျင့်သုံး

(GMT+08:00)2022-04-25 12:07:18  

တောင်ကိုရီးယားမှ တင်သွင်းသော အအေးစိမ်ထားသည့် ငါးပြေမ တစ်သုတ်၏ အထုပ်ပေါ်တွင် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိသောကြောင့် အကောက်ခွန်ရုံးချုပ်မှ ၂၀၂၀ပြည့်နှစ် ထုတ်ပြန် ကြေညာချက် အမှတ် ၁၀၃ အရ တစ်ပြည်လုံးရှိ အကောက်ခွန်ရုံးအားလုံးသည် ယခုလ ၂၅ရက်နေ့မှစ၍ တောင်ကိုရီးယား ရေထွက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ HANNIL COLD STORAGE CO.,LTD. SECOND FACTORY (မှတ်ပုံတင် အမှတ် KP-161)၏ ထုတ်ကုန် တင်သွင်းခွင့် လျှောက်ထားခြင်းကို လက်ခံရန် တစ်ပတ်ကြာ ခေတ္တရပ်ဆိုင်းမည် ဖြစ်ကြောင်း ထိုနေ့က တရုတ် အကောက်ခွန်ရုံး၏ ဝက်ဘ်ဆိုက်မှ သတင်းအရ သိရသည်။

မြန်မာနိုင်ငံမှ တင်သွင်းသော အအေးစိမ်ထားသည့် ပုစွန်ကျော့ တစ်သုတ်၏ အထုပ်ပေါ်တွင် ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကို စစ်ဆေးတွေ့ရှိသောကြောင့် အကောက်ခွန်ရုံးချုပ်မှ ၂၀၂၀ပြည့်နှစ် ထုတ်ပြန် ကြေညာချက်အမှတ် ၁၀၃ အရ တစ်ပြည်လုံးရှိ အကောက်ခွန်ရုံးအားလုံးသည် ယခုလ ၂၅ရက်နေ့မှစ၍ မြန်မာရေထွက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ Myint Myat Hein Co., Ltd (မှတ်ပုံတင် အမှတ် YGN/090/MMH/DOF) ၏ ထုတ်ကုန် တင်သွင်းခွင့် လျှောက်ထားခြင်းကို လက်ခံရန် တစ်ပတ်ကြာ ခေတ္တရပ်ဆိုင်းမည် ဖြစ်ကြောင်း သိရသည်။