ရှီကျင့်ဖိန်သည် Artemisininကို ဖော်ထုတ်ခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်းနှင့် လူသား ကျန်းမာရေး အသိုက်အဝန်း အတူ တည်ဆောက်ခြင်း တွန်းအားပေးရေး ဆိုင်ရာ နိုင်ငံတကာ ဖိုရမ်ထံ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2022-04-25 15:01:11  

ယခုလ ၂၅ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် Artemisininကို ဖော်ထုတ်ခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်းနှင့် လူသား ကျန်းမာရေး အသိုက်အဝန်း အတူ တည်ဆောက်ခြင်း တွန်းအားပေးရေး ဆိုင်ရာ နိုင်ငံတကာ ဖိုရမ်ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။

ရှီကျင့်ဖိန်က Artemisininသည် တရုတ်ပြည်က ပထမဦးဆုံး တွေ့ရှိပြီး အောင်မြင်စွာ အနှစ်သာရ ထုတ်ယူကာ ဖော်ထုတ်ခဲ့သည့် ငှက်ဖျားကု ဆေးစွမ်းကောင်း ဖြစ်၍ တစ်ကမ္ဘာလုံးတွင် ငှက်ဖျား ကြိုတင်ကာကွယ်ရန်နှင့် ကုသရန်၊ လူသားတို့၏ ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ရန် အတွက် အရေးကြီးသည့် အကျိုးပြုစွမ်းဆောင်မှုကို ပြုလုပ်ကြောင်း၊ တရုတ်ပြည်သည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတူ အများပြည်သူ့ ကျန်းမာရေး နယ်ပယ်တွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးစွာ ပြုလုပ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ကာ လူသား ကျန်းမာရေး အသိုက်အဝန်း အတူ တည်ဆောက်ခြင်းကို တွန်းအားပေး၍ နိုင်ငံ အသီးသီးမှ ပြည်သူများ၏ ကျန်းမာရေးကို ထိန်းသိမ်းကာကွယ်ရန် အတွက် ပိုမိုကြီးမားသည့် အကျိုးပြု စွမ်းဆောင်မှုကို ပြုလုပ်လိုကြောင်း ရေးသားဖော်ပြသည်။