တရုတ်ပြည်သူ့တက္ကသိုလ်သို့ ရှီကျင့်ဖိန် သွားရောက်လေ့လာ

(GMT+08:00)2022-04-25 16:24:15  

မေလ ၄ရက်နေ့ တရုတ်လူငယ်များနေ့ ကျရောက်တော့မည့် အခါသမယတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် ဧပြီလ ၂၅ရက်နေ့ နံနက်ပိုင်းက တရုတ်ပြည်သူ့ တက္ကသိုလ် သဘောတရားနိုင်ငံရေးပညာ Smart စာသင်ခန်း၊ ပြတိုက်၊ စာကြည့်တိုက်သို့ ရှေ့ဆင့်နောက်ဆင့် သွားရောက်ပြီး သဘောတရားနိုင်ငံရေးပညာဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲရေးနှင့် တီထွင်ဆန်းသစ်ရေး တွန်းအားပေးမှု၊ ကျောင်း၏ သမိုင်းဖြစ်ပျက် ပြောင်းလဲမှု၊ သင်ကြားပို့ချရေးသုတေသနပြုမှုရလဒ်၊ မော်ကွန်းစာတမ်းနှင့် ရှေးဟောင်း စာအုပ်များ ကာကွယ်ထိန်းသိမ်းမှုနှင့် အသုံးပြုမှုစသည့်အခြေအနေများကို လေ့လာကာ ကျောင်းဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ ဆွေးနွေးပွဲကို ဦးစီးကျင်းပခဲ့ ပါသည်။