နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တရုတ်၏ ဆွဲဆောင်စွမ်းအား အားကောင်းနေသေး

(GMT+08:00)2022-04-24 17:25:41  

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းဆိုင်ရာ မူဝါဒ တဖြည်းဖြည်းအကောင်အထ်ာဖော်ခြင်းနှင့်အမျှ ပြည်တွင်းပြည်ပလုပ်ငန်းများသည် ဟိုင်နန်ပြည်နယ်သို့ အရှိန်အဟုန်လာရောက်ရင်းနှီးမြှုပ်နှံလာကြပါသည်။ မကြာခင်ရက်များ တွင် ဟိုင်နန်လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်း ၂၀၂၂ခုနှစ် ပထမအသုတ် အရေးကြီး လုပ်ငန်းများ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ရာတွင် ဇီဝဆေးဝါးစသည့် အရေးကြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို တွေ့ရှိနိုင်ပါသည်။ ပီကင်းမြို့တွင် နိုင်ငံတော်ဝန်ဆောင်မှုလုပ်ငန်း နိုင်ငံခြားသို့ တံခါးဖွင့်မှု တိုးချဲ့ရေး အထွေထွေစံပြဇုန်နှင့် တရုတ်နိုင်ငံပီကင်းမြို့ လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် အလျင်အမြန် တည်ဆောက်ခြင်း၏ အကျိုးကျေးဇူးကြောင့် နိုင်ငံဖြတ်ကျော် အဆင့်မြင့်သိပ္ပံနည်းပညာ ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု အဆက်မပြတ်တိုးများလာပါသည်။ ဒီဂျီတယ်စီးပွားရေးသည် ပီကင်းမြို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် တွန်းအားသစ်ဖြစ်လာပြီး အဆင့်မြင့် တံခါးဖွင့်ရေးကြောင့် အရည်အသွေးမြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်လျက်ရှိ ပါသည်။

၂၀၂၁ခုနှစ်က တရုတ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေ တရုတ်ယွမ်ငွေ ဘီလီယံ ၁၁၅၀ ပထမဆုံးအကြိမ် ရရှိပြီး သမိုင်းစံချိန်သစ်တင်နိုင်ခဲ့ပါသည်။ အဆင့်မြင့်သိပ္ပံနည်း ပညာ လုပ်ငန်းဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေသည် စုစုပေါင်းရင်းနှီးမြှုပ်နှံငွေ၏ ရာခိုင်နှုန်း၃၀ ကျော် ပထမဆုံးအကြိမ် ပါဝင်ခဲ့ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အတွက် တရုတ်နိုင်ငံ၏ ဆွဲဆောင်စွမ်းအား အားကောင်းနေသေးသည်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ များနှင့် နိုင်ငံဖြတ်ကျော်ကုမ္ပဏီများသည် တရုတ်နိုင်ငံအပေါ် ယုံကြည်စိတ်အပြည့်အဝ ရှိပါသည်။