ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေး ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့

(GMT+08:00)2022-04-24 17:24:39  

တရုတ်အကောက်ခွန်ရုံးချုပ်မှ ဧပြီလ ၁၃ရက်နေ့က ထုတ်ပြန်သော စာရင်းအရ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းကုန်သွယ်ရေး သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၉၄၂၀ ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၀.၇ ရာခိုင်နှုန်း တိုးများလာခဲ့ကာ နိုင်ငံခြားကုန်သွယ်ရေး သွင်းကုန်ပို့ကုန်ပမာဏမှာ နှစ်ဦးတွင် ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ပါသည်။

အဆိုပါစာရင်းအရ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၅၂၃၀ ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၁၃.၄ ရာခိုင်နှုန်း တိုးများလာခဲ့ပါသည်။ သွင်းကုန်ပမာဏမှာ တရုတ်ယွမ်ငွေ ဘီလီယံ ၄၁၉၀ ရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၇.၅ ရာခိုင်နှုန်း တိုးများလာခဲ့ပါသည်။