ပထမအကြိမ်မြောက် ပြည်သူ့စာဖတ်ပွဲသို့ ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-04-24 17:24:57  

ပထမအကြိမ်မြောက် ပြည်သူ့စာဖတ်ပွဲကို ဧပြီလ ၂၃ရက်နေ့က တရုတ်နိုင်ငံ ပီကင်းမြို့တွင် ဖွင့်လှစ်ခဲ့ပါသည်။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စာဖတ်ပွဲသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ထိုသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် က တရုတ်ကွန်မြူနစ် ပါတီဝင်များနှင့် ကေဒါခေါင်းဆောင်များအား စာဖတ်သင်ယူလေ့လာဖို့ ရှေ့ဆောင်ရှေ့ရွက် ပြုပြီး ကိုယ်ကျင့်တရား ဆောက်တည်ကာ လုပ်ရည်ကိုင်ရည်မြှင့်တင်ရန်၊ ကလေးသူငယ် များအား စာဖတ်ဖို့အလေ့အထကို ပြုစုပျိုးထောင်ပြီး ပျော်ရွှင်စွာစာဖတ်ကာ ကောင်းမွန်စွာ ကြီးပြင်းလာရန်၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား စာဖတ်မှုတွင် ပါဝင်ပြီး စာဖတ်ဖို့ ကြိုက် နှစ်သက်ခြင်း၊ စာအုပ်ကောင်းကို ဖတ်ရှုခြင်း၊ စာဖတ်တော်ခြင်း အခြေအနေကို ဖြစ်ပေါ်လာ စေရန် မျှော်လင့်ကြောင်း ဖော်ပြထားပါသည်။