လွန်ခဲ့သည့် ၅နှစ် အတွင်း တရုတ်ပြည်၏ ပညာမူပိုင်ခွင့် စုစုပေါင်း ပမာဏမှာ ၂သန်း၅သိန်း၃သောင်းရှိ

(GMT+08:00)2022-04-24 17:24:43  

ယခုလ ၂၄ရက်နေ့က တရုတ် နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ပညာ မူပိုင်ခွင့် လုပ်ငန်း အမျိုးသား ဌာန ဒုဝန်ကြီး ရှင်းချန်ယွီသည် ၂၀၂၁ခုနှစ်၌ တရုတ်ပြည်၏ ပညာ မူပိုင်ခွင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေကို မိတ်ဆက်ပေးခဲ့သည်။

၎င်းက လွန်ခဲ့သည့် ၅နှစ် အတွင်း တရုတ်ပြည်၏ ပညာ မူပိုင်ခွင့် လုပ်ငန်းတွင် သမိုင်းဝင် အောင်မြင်မှုသစ်ကို ရရှိခဲ့ကြောင်း၊ အမျိုးသား ပညာ မူပိုင်ခွင့် လုပ်ငန်း ဌာနမှ ခွင့်ပြုထားသော ပညာမူပိုင်ခွင့် စုစုပေါင်း ပမာဏမှာ ၂သန်း၅သိန်း၃သောင်း၁ထောင် ရှိပြီး နှစ်စဉ်ပျမ်းမျှတိုးနှုန်းမှာ ၁၃့၎ရာခိုင်နှုန်း ရှိကြောင်း၊ တစ်ပြည်လုံးတွင် “ဗဟုသုတ အပေါ် လေးစားခြင်း၊ ဆန်းသစ်တီထွင်မှု အပေါ် ကြည်ညိုလေးမြတ်ခြင်း၊ ရိုးဖြောင့်မှုနှင့် ကတိသစ္စာစောင့်စည်းမှုရှိခြင်း၊ တရားမျှတစွာ ယှဉ်ပြိုင်မှု” ဟူသော ပညာ မူပိုင်ခွင့် ပတ်ဝန်းကျင် အရှိန်မြင့် ဖြစ်တည်လာကြောင်း ပြောကြားသည်။