ရှီကျင့်ဖိန်၏ စာဖတ်ထိတွေ့ခံစားချက်များ

(GMT+08:00)2022-04-23 18:31:51  

ဧပြီလ ၂၃ရက်နေ့သည် ကမ္ဘာစာဖတ်နေ့ ဖြစ်သည်။ ရှီကျင့်ဖိန်က မိမိသည် ဝါသနာအထုံများစွာ ရှိသည်၊ အကြီးဆုံး ဝါသနာအထုံသည် စာဖတ်ခြင်း ဖြစ်သည်၊ စာဖတ်ခြင်းသည် မိမိ၏ နေထိုင်မှု ပုံစံ တစ်မျိုးဖြစ်လာသည်ဟု ပြောကြားခဲ့သည်။ ရှီကျင့်ဖိန်သည် ပြည်တွင်းပြည်ပ နေရာများစွာတွင် ၄င်း၏ စာဖတ်ထိတွေ့ခံစားချက်များကို မျှဝေခဲ့ဖူးသည်။ အောက်ပါအချက်များသည် ရှီကျင့်ဖိန်၏ စာဖတ်ထိတွေ့ခံစားချက် အချို့ဖြစ်သည်။

မာ့က်စ်(Marx)နှင့် လီနင်(Lenin)၏ ရေးသားပြုစုချက်များနှင့် ပတ်သက်၍---မာ့က်စ်ဝါဒသည် စစ်မှန်သော အမှန်တရား ဖြစ်သည်

“ကွန်မြူနစ်ပါတီ ကြေညာချက်”စာအုပ်နှင့် ပတ်သက်၍--- ယင်းစာအုပ်သည် အချက်အလက် ကြွယ်ဝပေါများသည့် သဘောတရားဆိုင်ရာ ရတနာသိုက် ဖြစ်သည်

 William Shakespeare၏ ရေးသားပြုစုချက်များနှင့် ပတ်သက်၍---“To be or not to be”ကို စဉ်းစားတွေးခေါ်သည်

“Faust”နှင့် ပတ်သက်၍---စိတ်ကူးဥာဏ်များစွာ ရှိသည် 

“The Old Man and the Sea”နှင့် ပတ်သက်၍---အစဉ်အမြဲ တည်ရှိသည့် စိတ်ဓါတ် တစ်မျိုးကို ရေးသားဖော်ပြသည်။ 

ရှီကျင့်ဖိန်က ပိုမိုများပြားသည့် အချိန်ကို ယူပြီး စာဖတ်ကာ စဉ်းစားတွေးခေါ်မှုကို ပြုလုပ်သင့်သည်၊ စာဖတ်ခြင်းနှင့် အလုပ်များ၏ လက်တွေ့အခြေအနေများနှင့် ပေါင်းစပ်ရန် လိုသည်ဟု ပြောကြားသည်။