ကန်၏ ဇီဝစစ်ရေးလှုပ်ရှားမှုကို ရှင်းလင်းဖော်ပြရန် တရုတ် ထပ်မံ တိုက်တွန်း

(GMT+08:00)2022-04-23 18:32:24  

   တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယမန်နေ့ ၂၂  ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ဇီဝလက်နက် တားမြစ်ပိတ်ပင်ရေးသဘောတူ စာချုပ် စာချုပ်ဝင်နိုင်ငံတစ် နိုင်ငံ အနေနှင့် အမေရိကန်သည် ယင်းစာချုပ်ကို လိုက်နာဆောင်ရွက်ရန်အတွက် ခြွင်းချက်တစ်ခုမဟုတ်ဘဲ စံနမူနာဖြစ်သင့်ကြောင်း၊ ၄င်းတို့၏ ဇီဝစစ်ရေးလှုပ်ရှားမှုများကို ဘက်စုံ ရှင်းလင်းဖော်ပြပြီး ဘက်ပေါင်းစုံ စစ်ဆေးရေးစနစ် ထူထောင်ခြင်းအပေါ် ၄င်း၏ သီးသန့် ဆန့်ကျင်မှုကို ရပ်တန့်ရန် တရုတ်ပြည်က ထပ်မံတိုက်တွန်းကြောင်း ဖော်ပြခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။