ကွမ်ရှီးသည် တရုတ် ကွန်မြူနစ်ပါတီ ၂၀ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ည်ီလာခံသို့ တက်ရောက်ရန် ကိုယ်စားလှယ်များကို ရွေးချယ်၊ ရှီကျင့်ဖိန်သည် ဆန္ဒမဲ ရာနှုန်းပြည့်ဖြင့် အရွေးခံရ

(GMT+08:00)2022-04-23 18:21:33  

    ယခုလ ၂၁ရက်နေ့မှ ၂၂ရက်နေ့အထိ တရုတ် ကွန်မြူနစ်ပါတီ ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ ကိုယ်စားလှယ်များ အစည်းအဝေးကို နန်နင်းမြို့တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် တရုတ် ကွန်မြူနစ်ပါတီ ၂၀ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ည်ီလာခံသို့ တက်ရောက်မည့် ကွမ်ရှီး ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့သည်။ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ နာမည်တင်သွင်းပြီး ကွန်ရှီး ရွေးချယ်တင်မြှောက်ခြင်းတွင် ပါဝင်သော အရွေးခံရန် ကိုယ်စားလှယ်လောင်း ရဲဘော် ရှီကျင့်ဖိန်သည် ဆန္ဒမဲ ရာနှုန်းပြည့်ဖြင့် တရုတ် ကွန်မြူနစ်ပါတီ ၂၀ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ည်ီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ် အဖြစ် အရွေးခံခဲ့ရသည်။