ဗိုင်းရပ်စ်ပိုး ခုခံနိုင်စွမ်း ချောက်ကမ်းပါးကို လက်တွဲလျှော့ချရန် ပိုအော်အာရှဖိုရမ်သို့ တက်ရောက် သော နိုင်ငံအသီးသီးမှ ဧည့်သည်တော်များ ပန်ကြား

(GMT+08:00)2022-04-22 15:25:11  

ပိုအော်အာရှဖိုရမ် ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစည်းအဝေး ဗိုင်းရပ်စ်ပိုး ခုခံနိုင်စွမ်း ချောက်ကမ်းပါးကို လျှော့ချပြီး ကျန်းမာရေးအကျိုးသက်ရောက်မှု မျှဝေခံစားရေး ဖိုရမ်ခွဲကို ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ပါသည်။ ဖိုရမ်ခွဲသို့ တက်ရောက်သော နိုင်ငံအသီးသီးမှ ဧည့်သည်တော်များသည် ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကို အားသစ်လောင်းပေးပြီး ဗိုင်းရပ်စ်ပိုး ခုခံနိုင်စွမ်း ချောက်ကမ်းပါးကို ကြိုးပမ်း လျှော့ချရန် ပန်ကြားခဲ့ကြပါသည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျန်းမာရေးအရင်းငွေ စုဆောင်းရေးဆိုင်ရာ သံအမတ်ကြီး၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း Gordon Brown က လက်ရှိအချိန်အထိ နိုင်ငံ ၁၀၀ ကျော် တို့သည် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှုန်း ၇၀ ရာခိုင်နှုန်း ဖြစ်သော ရည်မှန်းချက်ကို အကောင်အထည်မဖော်သေးကြောင်း၊ သို့ဖြစ်၍ လူ ၆ သန်းကျော်တို့သည် သေဆုံးပြီး သန်းနှင့်ချီသော လူတို့သည်ရုန်းကန်နေရကြောင်း ပြောကြားခဲ့ပါသည်။ Gordon Brown က နိုင်ငံအသီးသီးတို့အား တာဝန်နှင့် ဖိအားကို မျှဝေပြီး လူသား၏ ကျန်းမာရေး အကျပ်အတည်းကို လက်တွဲရင်ဆိုင်ရန် အဆိုပြုပြီး ကိုဗစ်-၁၉ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံခဲ့ပြီဖြစ်သော ဖွံ့ဖြိုးပြီးနိုင်ငံများအား ပိုမိုများပြားသောတာဝန် ထမ်းဆောင်သင့်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။

ကြက်ခြေနီအသင်းနှင့် လခြမ်းနီအသင်း နိုင်ငံတကာသမဂ္ဂ (IFRC) အတွင်းရေးမှူး ချုပ် Jagan Chapagain က တရုတ်နိုင်ငံမှ ဖွံ့ဖြိုးဆဲနိုင်ငံအများစုအား ကိုဗစ်-၁၉ ကာကွယ်ဆေးများစွာ ထောက်ပံ့ပေးမှုလုပ်ရပ်မှာ အခြားနိုင်ငံများ၏ ဗိုင်းရပ်စ်ပိုး ခုခံနိုင်စွမ်း ချောက်ကမ်းပါးကို လျှော့ချရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ချီးကျူးပြောကြား ခဲ့ပါသည်။

တရုတ်အင်ဂျင်နီယာတံခွန်အသင်း ဒုတိယဥက္ကဋ္ဌ၊ အသင်းဝင်၊ တရုတ်ဆေးဝါး အသင်းဥက္ကဋ္ဌ ဝမ်ချိန် က ဖွံ့ဖြိုးပြီးနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား တည်ရှိသော ဗိုင်းရပ်စ်ပိုး ခုခံနိုင်စွမ်း ချောက်ကမ်းပါးကြောင့် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ရောဂါတိုက်ဖျက်ရေးအတွက် မတည် မငြိမ်ဖြစ်မှုများစွာဖြစ်စေလာပြီး အချိန်မီ တရားမျှတသော ကာကွယ်ဆေးထိုးရန်စီမံကိန်းကို ထောက်ပံ့ပေးကာ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှုန်း တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။