ရှန်ဟိုင်းမြို့ ကပ်ရောဂါအရှိန် ဆက်တိုက် လျော့လာ

(GMT+08:00)2022-04-22 14:24:12  

ဒေသစံတော်ချိန် ၂၂ ရက်နေ့တွင် ကျင်းပသော ရှန်ဟိုင်း ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲမှ သတင်းအရ မကြာခင်ရက်များအတွင်း ရှန်ဟိုင်းမြို့ ကပ်ရောဂါအရှိန် ဆက်တိုက် လျော့လာကြောင်း၊ ဖူတုန်း၊ စွန်းကျန်း၊ ချိန်းဖူ၊ ဖူတိုနှင့် ချန်နင်စသည့် မြို့နယ် ၆ ခုသည် လွန်ခဲ့သည် ၃ ရက်အတွင်း ပဏာမအားဖြင့် ပိုးတွေ့လူနာ ဦးရေ ဆက်တိုက် ကျဆင်း လာလျက်ရှိကြောင်း၊ ရှူဟွေ့၊ ဟုန်ကို၊ ပေါ်ဆန်းနှင့် ကျားတင့်စသည့် မြို့နယ် ၄ ခုသည် အခြေအနေ အတက်အကျရှိကြောင်း၊ ကျင့်အန်၊ ဟွမ်ဖူနှင့် ယန်ဖူစသည့် မြို့နယ် ၃ ခုသည် ပိုးတွေ့လူနာဦးရေ အနည်းငယ် တက်လာကြောင်း၊ ဖုန့်ရှန်၊ ကျင်းဆန်းနှင့် ချုံမင်စသည့် မြို့နယ် ၃ ခုတွင် ပိုးတွေ့လူနာဦးရေ ဆက်လက် နည်းပါးသေးကြောင်း သိရပါသည်။