တစ်ကမ္ဘာလုံး လုံခြုံရေးအဆိုပြုချက်မှာ လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေးအတွက် ဘဘောတရားဆိုင်ရာ လမ်းညွှန်မှုပေးမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2022-04-22 15:29:20  

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဧပြီလ ၂၁ ရက်နေ့က ကျင်းပသော ပိုအော်အာရှဖိုရမ် ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် တစ်ကမ္ဘာလုံးလုံခြုံရေးအဆိုပြုချက်ကို တင်ပြခဲ့ပါသည်။ ဧပြီလ ၂၁ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာမေးမြန်းချက်ကို ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တစ်ကမ္ဘာလုံးလုံခြုံရေးအဆိုပြုချက်မှာ တရုတ်နိုင်ငံမှ တင်ပြသော နိုင်ငံတကာ အများပြည်သူသုံးကုန်ပစ္စည်း နောက်တစ်ခုဖြစ်ကြောင်း၊ လူသားကံကြမ္မာတူ အသိုက်အဝန်း သဘောတရားမှာ လုံခြုံရေးနယ်ပယ်တွင် လက်တွေ့ကျဖော်ဆောင်မှုဖြစ်ပြီး တစ်ကမ္ဘာလုံးထံသို့ တံခါးဖွင့်ပေးကာ နိုင်ငံအသီးသီးမှ ပါဝင်ခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။