နိုင်ငံတကာမြေကမ္ဘာနေ့ --ချူမူလန်မာဆီးနှင်းတောင်ထိပ်၌ သန့်ရှင်းရေးလုပ်ခြင်း

(GMT+08:00)2022-04-22 14:15:23  



 ချူမူလန်မာဆီးနှင်းတောင်ထိပ်သည် ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်ပြီး ကမ္ဘာ့ ဒေသ အရပ်ရပ်မှ တောင်တက်သမားတိုင်းလိုလို ချူမူလန်မာတောင်ထိပ် တက်နိုင်ရန် အိပ်မက် ရှိပါသည်။ ၁၉၅၃ ခုနှစ်တွင် လူသားများက ပထမဆုံးအကြိမ် ချူမူလန်မာတောင်ထိပ်ကို တက်ခဲ့ပြီးနောက် ယခုအချိန်အထိ လူ ၄၀၀၀ ကျော်တို့သည် ယင်းတောင်ထိပ်သို့ အောင်မြင်စွာ တက်နိုင်ခဲ့ပြီး ဖြစ်သည်။ ယခု နှစ်စဉ်နှစ်တိုင်း လူ ၁ သိန်းခန့် ချူမူလန်မာ တောင်ထိပ်ဒေသသို့ သွားရောက်နေကြပါသည်။

တောင်တက်သူများနှင့် ခရီးသည်များတိုးများလာသည်နှင့်အမျှ ချူမူလန်မာ တောင်ထိပ် နေရာ၌ သန့်ရှင်းလို့ခက်သည့် အမှိုက်သရိုက်လည်း တိုးများလာသည်။ ကုလသမဂ္ဂ ပတ်ဝန်းကျင် စီမံကိန်းမှ ထုတ်ပြန်သောစာရင်းအရ လွန်ခဲ့သည့်ရာစု ၅၀ ပြည့်နှစ်များကစပြီး သန်းနှင့်ချီသော အမှိုက်သရိုက်များ ချူမူလန်မာတောင်ထိပ်၌ စွန့်ပစ် ထားခဲ့သည်။

ပင်လယ် မျက်နှာပြင်အထက် မီတာ ၆၀၀၀၊ ၇၀၀၀ မြင့်သည့် ချူမူလန်မာတောင်ထိပ်၌ အမှိုက်ရှင်းပေးခြင်းသည် အန္တရာယ်များသည့် အလုပ်ဖြစ်သည်။ စွန့်ပစ်ထားသည့် ကိုကာကိုလာဗူးတစ်ခုကိုတောင် အသက်အန္တရာယ် စွန့်စားပြီးသွားကောက်ရမည်။ ထို့ကြောင့် အမှိုက်ရှင်းသည့် ဖြစ်စဉ်သည် ဓါးဖျား၌ အကကသည့် ဖြစ်စဉ်လို ဖြစ်သည်ဟု ယူဆရသည်။