တရုတ်ယွမ်ငွေ တစ်သိန်းကို မှားယွင်းစွာ ပစ်မိပြီးနောက် သန့်ရှင်းရေးသမားနှင့် လုံခြုံရေးသမားများ၏ ကူညီမှုဖြင့် ပြန်လည်တွေ့ရှိ

(GMT+08:00)2022-04-21 17:07:45  


မကြာခင်ရက်များက တရုတ် ဖူကျန့်ပြည်နယ် ဖူချင်မြို့ရှိ ဆိုင်လေးတစ်ဆိုင်မှ ဝန်ထမ်းသည် ယွမ်ငွေ တစ်သိန်း(အမေရိကန်ဒေါ်လာ ၁၅၅၁၅ ခန့်)ထည့်ထားတဲ့ အိတ်လေးကိုအမှိုက်အဖြစ် မှားယွင်းစွာ စွန့်ပစ်ခဲ့ပြီးနောက် အနီးအနားတွင် ရှာမတွေ့သောကြောင့် ၄င်းသည် ဆိုင်တည်ရှိသောရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးခန်းကိုသွားပြီးအကူအညီတောင်းသည်။ သန့်ရှင်းရေးသမားများနဲ့ လုံခြုံရေးသမားများ၏အကူအညီဖြင့် အမှိုက်ခွဲစက်ကိုဖွင့်ပြီးနောက်အမှိုက်ပုံးကြီးထဲတွင် ယွမ်ငွေ တစ်သိန်းကိုတွေ့ရှိခဲ့ပါသည်။