မတ်လ ၂၁ ရက် china eastern MU5735 လေယာဉ် ပျက်ကျမှု ပဏာမ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ ထုတ်ပြန်

(GMT+08:00)2022-04-21 15:58:18  

  



တရုတ် မြို့ပြ လေကြောင်းဦးစီးဌာနသည် မတ်လ ၂၁ ရက် china eastern MU5735 လေယာဉ် ပျက်ကျမှု ပဏာမ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ယခုလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

   အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် china eastern ယူနန် ကုမ္ပဏီ၏ ဘိုးအင်း ၇၃၇-၈၀၀ ဘီ-၁၇၉၁ လေယာဉ်သည် မြေပြင်သို့ တိုက်မိပြီးနောက် ကွဲသွားကာ လေယာဉ်ပေါ်ရှိ ခရီးသည် ၁၂၃ ဦးနှင့် လေယာဉ် ဝန်ထမ်း ၉ ဦးစလုံး သေဆုံးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးမှုအရ လေယာဉ်မောင်းသူများ၊ လေယာဉ် ဝန်ထမ်းများနှင့် လေယာဉ် မွမ်းမံ စစ်ဆေးသူများ၏ အရည်အချင်းသည် သတ်မှတ်စံချိန်များနှင့် ကိုက်ညီပြီး အန္တရာယ် ရှိသော ရာသီဥတုဆိုင်ရာ ကြိုတင်ခန့်မှန်းချက်လည်း မရှိကြောင်း၊ လေယာဉ်ပေါ်ရှိ မှတ်တမ်းတင်စက် နှစ်ခုသည် ပျက်စီးမှု ပြင်းထန်သဖြင့် အချက်အလက်များ ပြန်လည် မွမ်းမံခြင်းနှင့် သုံးသပ်လေ့လာရေးလုပ်ငန်းကို လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း၊ ဆက်လက်ပြီး စုံစမ်းစစ်ဆေးရေး နည်းပညာအဖွဲ့သည် သက်ဆိုင်ရာ အစီအစဉ်အရ ပျက်ကျ လေယာဉ်၏ အစိတ်အပိုင်းပစ္စည်းများကို ခွဲခြား အကဲခတ်ခြင်း၊ အမျိုးခွဲခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ လေယာဉ်ပျံသန်းမှု အချက်အလက်များ သုံးသပ်ခြင်း၊ လိုအပ်သော စမ်းသပ် အတည်ပြုခြင်း စသည့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများကို ဆက်လက် ဇောက်ချ ပြုလုပ်မည် ဖြစ်ပြီး လေယာဉ်ပျက်ကျမှု၏ အကြောင်းရင်းကို သိပံ္ပနည်းကျကျ ထိထိ ရောက်ရောက် တင်းကျပ်စွာ စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။