ရှီကျင့်ဖိန်သည် ပိုအော် အာရှ ဖိုရမ် ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00)2022-04-21 16:07:33  

ပိုအော် အာရှ ဖိုရမ် ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို ယခုလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ပြည် ဟိုင်နန်ပြည်နယ် ပိုအော်၌ ကျင်းပသည်။ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ဗီဒီယိုပုံစံဖြင့် အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြား ခဲ့သည်။

ရှီကျင့်ဖိန်က ပုံမှန်အားဖြင့် အေးချမ်းတည်ငြိမ်မှု ရှိပြီး စီမံအုပ်ချုပ်မှု ကောင်းမွန်သော နိုင်ငံများသည် ကုံလုံကြွယ်ဝကြောင်း၊ မတည်မငြိမ်ဖြစ်သော နိုင်ငံများကတော့ ဆင်းရဲကြောင်း၊ လုံခြုံရေးသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုတင်လိုအပ်ချက်ဖြစ်ပြီး လူသားတို့သည် ခွဲမရသော လုံခြုံရေး အသိုက်အဝန်း ဖြစ်ကြောင်း၊ ထိပ်တိုက်ရင်ဆိုင်မှုရှိသည့် စစ်အေးအတွေးအခေါ်သည် ကမ္ဘာ့ ငြိမ်းချမ်းရေး မူဘောင်ကို ဖျက်ဆီးမည်သာ ဖြစ်ကြောင်း၊ ဗိုလ်ကျစိုးမိုးမှုဝါဒနှင့် ဗိုလ်ကျမှု နိုင်ငံရေးသည် ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိခိုက်စေမည်သာ ဖြစ်ကြောင်း၊ အုပ်စုများအကြား ခုခံယှဉ်ပြိုင်မှုသည် ၂၁ ရာစုနှစ်တွင် လုံခြုံရေး စိန်ခေါ်မှုကို အရှိန်မြှင့်မည်သာ ဖြစ်ကြောင်း ပြောကြားသည်။