ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ထဲတွင် အခိုင်အမာဆုပ်ကိုင်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-04-21 16:19:58  


တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၁ ရက်နေ့ နံနက်ပိုင်းက ဗီဒီယိုအသွင်ပုံစံဖြင့် ပိုအော်အာရှဖိုရမ် ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရသည်။

ရှီကျင့်ဖိန်က ဒေသတွင်းအေးချမ်းတည်ငြိမ်မှုသည် မိုးကောင်းကင်မှ ကျလာခြင်း မဟုတ်၊ မည်သည့်နိုင်ငံမှ လှူဒါန်းပေးခြင်းလည်း မဟုတ်ဘဲ၊ ဒေသတွင်းနိုင်ငံများ ပူးတွဲကြိုးပမ်းမှုမှ အောင်ကျိုးရလဒ်ပင်ဖြစ်ကြောင်း၊ ယနေ့တွင် အာရှတိုက်မှ ကမကထပြုခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးချက်နှင့် “ဘန်ဒေါင်း စိတ်ဓာတ်” တို့သည် ပိုမိုလက်တွေ့ကျသော အဓိပ္ပါယ်ရှိကြောင်း၊ ကျွန်တော်တို့အနေနှင့် အပြန်အလှန်လေးစားမှု၊ တန်းတူ ညီမျှမှု၊ အပြန်အလှန်အကျိုးရှိစေမှုနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုစသည့် မူများကို စွဲကိုင်ပြီး၊ အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရေးမူဝါဒကို လိုက်နာကျင့်သုံးကာ၊ ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ထဲတွင် အခိုင်အမာဆုပ်ကိုင်ရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။