အာရှကို ကမ္ဘာကြီး၏ ငြိမ်းချမ်းတည်ငြိမ်ဖွယ်ရာအကြောင်းရပ်၊ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ်၊ ပူးပေါင်းဆောင်ရွက်ရေး အဆင့်နေရာသစ်ဖြစ်အောင် တည်ဆောက်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00)2022-04-21 16:58:53  

ရှီကျင့်ဖိန်က အာရှပြည်သူများသည် စစ်ပွဲများနှင့် စစ်အေးပွဲများကို ကြုံခဲ့ပြီး အခက်အခဲများကို အကြိမ်ကြိမ် ခံရဖူးသဖြင့် ငြိမ်းချမ်းရေးကို တန်ဖိုးထားသင့်ပြီး၊ ဖွံ့ဖြိုး တိုးတက်ရေးကို လွယ်ကူစွာ ရရှိမည်မဟုတ်ခြင်းကို နက်ရှိုင်းစွာ ခံစားသိရှိပါကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ်များတွင် အာရှဒေသသည် တည်ငြိမ်ရေးနှင့် စီးပွားရေး လျင်မြန်စွာ ဆက်တိုက်တိုးတက်ရေးကို ထိန်းသိမ်းပြီး အာရှအံ့ဖွယ် ဖြစ်တည်လာကြောင်း၊ အာရှ ကောင်းမွန်မှသာ ကမ္ဘာက ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတို့သည် အာရှ ကောင်းအောင် ဖွံ့ဖြိုးတိုးတက်စေပြီး ကောင်းအောင် တည်ဆောက်ရမည်ဖြစ်ပြီး အာရှ၏ ကြံ့ခိုင်မှု၊ ဥာဏ်ရည်နှင့် အင်အားကို ပြသ၍ အာရှကို ကမ္ဘာကြီး၏ ငြိမ်းချမ်း တည်ငြိမ်ဖွယ်ရာအကြောင်းရပ်၊ ဖွံ့ဖြိုးတိုးတက်ရေးအရင်းအမြစ်၊ ပူးပေါင်းဆောင်ရွက်ရေး အဆင့်နေရာသစ်ဖြစ်အောင် တည်ဆောက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။