ခေတ်သစ်တရုတ်လူငယ်များသည် အားမာန်နှင့် တက်ကြွမှုအပြည့်ရှိသည်ဟု ကွန်မြူနစ် လူငယ်အဖွဲ့ချုပ်ဗဟိုကော်မတီဆို

(GMT+08:00)2022-04-21 17:01:49  

ယနေ့ (ဧပြီ ၂၁ ရက်) တွင် တရုတ်နိုင်ငံတော်ကောင်စီပြန်ကြားရေးရုံးမှ "ခေတ်သစ် တရုတ်လူငယ်များ" စက္ကူဖြူစာတမ်းကို ထုတ်ပြန်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့သည်။ ကွန်မြူနစ်လူငယ် အဖွဲ့ချုပ် ဗဟိုကော်မတီပထမအတွင်းဝန် ဟို့ကျွင်ခို က လက်ရှိမျိုးဆက်သစ် လူငယ်များသည် အောက်ပါ အဓိက လက္ခဏာများ ရှိကြောင်း၊ ပထမအချက်မှာ အယူအဆများနှင့်ယုံကြည်မှုများသည် ပိုမိုခိုင်မာခြင်း၊ ဒုတိယ အချက်မှာ အသိပညာတတ်မြောက်မှုသည် စဉ်ဆက်မပြတ် တိုးတက်နေခြင်း၊ တတိယ အချက်မှာ စိတ်ပိုင်းဆိုင်ရာအခြေအနေသည် မိမိကိုယ်ကိုယုံကြည်မှုရှိပြီး အကောင်းဘက်မြင်လိုခြင်းတို့ဖြစ်ကြောင်း ပြောကြားပါသည်။