၂၀၂၂ ခုနှစ် အာရှစီးပွားရေးတိုးတက်နှုန်းကို ၄.၈ရာခိုင်နှုန်း ခန့်မှန်းထားသည်ဟု ပိုအော် အာရှဖိုရမ်မှ ထုတ်ပြန်သော အစီရင်ခံစာများတွင် ဖော်ပြ

(GMT+08:00)2022-04-21 16:14:54  


သုံးရက်ကြာကျင်းပမည့် ပိုအော်အာရှဖိုရမ် ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့ပါသည်။ ထိုနေ့တွင် ကျင်းပသောအစည်းအဝေး၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ယခုနှစ် နှစ်ပတ်လည်အစည်းအဝေး ပြင်ဆင်မှုအခြေအနေကို မိတ်ဆက်ပြီး အစီရင်ခံစာနှစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ၄င်းအစီရင်ခံစာနှစ်ရပ်မှာ အာရှစီးပွားရေးရှေ့အလားအလာနှင့် တစ်ပြေးညီဖြစ်စေရေးဖြစ်စဉ်ဆိုင်ရာ ၂၀၂၂ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်နိုင်သည့် အာရှတိုက်နှင့် ကမ္ဘာဆိုင်ရာ ၂၀၂၂ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ-အစိမ်းရောင်ပြုပြင်ပြောင်းလဲရေး၏ အာရှဆောင်ရွက်မှုဖြစ်ကြပါသည်။

အဆိုပါအစီရင်ခံစာများတွင် ၂၀၂၁ ခုနှစ်က တစ်ကမ္ဘာလုံး စီးပွားရေးနာလန်ပြန်ထူ လာခဲ့ပြီး ကိုဗစ်-၁၉ရောဂါနှင့် ရင်ဆိုင်သော်လည်း အာရှ-ပစိဖိတ် စီးပွားရေးတစ်ပြေးညီ ဖြစ်စေရေးဖြစ်စဉ်ကိုမရပ်တန့်ဘဲ စီးပွားရေးနာလန်ပြန်ထူရေးရော စနစ်တည်ဆောက်ရေး ပါ အာရှ-ပစိဖိတ်ဒေသသည် တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရန် တွန်းအားသစ်ပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အာရှစီးပွားရေးမှာ ဆက်လက်နာလန်ပြန်ထူလာသော်လည်း တိုးတက်နှုန်း ကျဆင်းနိုင်ဖွယ်ရာရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် အာရှစီးပွားရေးတိုးတက်နှုန်းကို ၄.၈ ရာခိုင်နှုန်း ခန့်မှန်းထားကြောင်း ဖော်ပြပါသည်။