ရှီကျင့်ဖိန်သည် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေး ကော်မရှင် ၂၅ ကြိမ်မြောက် အစည်းအဝေးကို ကြီးမှူးကျင်းပ

(GMT+08:00)2022-04-21 16:01:25  


တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၉ ရက်နေ့ ညနေပိုင်းက တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြုပြင်ပြောင်းလဲမှု ဘက်စုံနက်ရှိုင်းစေရေး ကော်မရှင် ၂၅ ကြိမ်မြောက် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်။

၎င်းအစည်းအဝေးတွင် “ဒီဂျစ်တယ် အစိုးရ တည်ဆောက်ရေးနှင့် ပတ်သက်သော လမ်းညွှန်ရေး အကြံပေးချက်”နှင့် “ပြည်နယ်အောက်အဆင့် ဘဏ္ဍာရေး စနစ် ပြုပြင်ပြောင်းလဲမှု လုပ်ငန်း တစ်ဆင့်တိုး တွန်းအားပေးရေးနှင့် ပတ်သက်သော လမ်းညွှန်ရေး အကြံပေးချက်” စသည်များကို စိစစ် အတည်ပြုခဲ့သည်။