တရုတ်နိုင်ငံသည် RCEP စာချုပ် ချုပ်ဆို အသက်ဝင် အကောင်အထည်ဖော်ဆောင်ရန် တွန်းအားပေးသူဖြစ်သည့်အပြင် RCEP ကို အရည်အသွေးကောင်းမွန်စွာ ကျင့်သုံး ဖေါ်ဆောင်သူလည်းဖြစ်သည်

(GMT+08:00)2022-04-21 16:16:15  


တရုတ်အကောက်ခွန်ဌာနမှ စာရင်းအရ ၂၀၂၂ ခုနှစ် ပထမ ၃လပတ် အတွင်း တရုတ်နိုင်ငံ၏ RCEP မှ အခြားအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန် ပို့ကုန် စုစုပေါင်းပမာဏသည် ၆.၉ ရာခိုင်နှုန်း တိုးများလာပြီး အလားတူအချိန်ကာလအတွင်း တရုတ်ပြည်၏ နိုင်ငံခြားကုန်သွယ်ရေး စုစုပေါင်း ပမာဏ၏ ၃၀.၄ ရာခိုင်နှုန်း ရှိပါသည်။

ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က  ဧပြီလ ၂၀ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံသည် RCEP စာချုပ် ချုပ်ဆို အသက်ဝင် အကောင်အထည်ဖော်ဆောင်ရန် တွန်းအားပေးသူဖြစ်သည့်အပြင် RCEP ကို အရည်အသွေးမြင့်မားစွာ ဖော်ဆောင် ကျင့်သုံးသူလည်းဖြစ်ကြောင်း၊ ဆက်လက်ပြီး တရုတ်နိုင်ငံသည်  သက်ဆိုင်ရာ ဘက်အသီးသီးနှင့်အတူ တံခါးဖွင့်သော ကမ္ဘာ့စီးပွားရေး တည်ဆောက်ရန် လက်တွဲ အားသစ်လောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။