ကုန်းပြင်မြင့်ပေါ်တွင် စီးဆင်းနေသော ကော်ဖီခွက်

(GMT+08:00)2022-04-21 16:18:32  


ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့်ပေါ်ရှိ တရုတ်နိုင်ငံ ရှီးဇန့်(တိဗက်) ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသသည် ကောင်းကင်နှင့် အနီးဆုံးနေရာဖြစ်ပြီး ကမ္ဘာ၏ အဝေးဆုံးနေရာအဖြစ် မှတ်ယူ ထားသည်။ ကော်ဖီကားမောင်းပြီး ကစားရင်း လမ်းဘေး ကော်ဖီရောင်းတဲ့ မိန်းကလေး ရှောင်ရွန်သည် တစ်ယောက်တည်း တရုတ်ပြည်အနှံ့ ခရီးထွက်ပြီး တိဗက်တွင် သူလိုချင် သမျှ လွတ်လွတ်လပ်လပ် သွားလာ စားသောက်နေသူတစ်ဦးဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ယူနန်ပြည်နယ် တာ့လီမြို့တွင် တည်းခိုခန်းတစ်ခု ဖွင့်လှစ်ခဲ့ဖူးကာ လူမျိုးစုံနှင့် တွေ့ဆုံခဲ့သည်။ နောက်ပိုင်းတွင် သူမသည် တရုတ်နိုင်ငံတစ်ဝှမ်းလုံးကို ကားဖြင့် ခရီးသွားလိုပြီး တိဗက်ကို ပထမဆုံးမှတ်တိုင်အဖြစ် ရွေးချယ်ခဲ့သည်။ ရှောင်ရွန်က မထွက်ခွာခင်မှာ ကော်ဖီစက်နဲ့ မီးစက်တစ်လုံးဝယ်ခဲ့ပြီး ဒီကိုယ်ပိုင်ကားရှိပြီးတော့ ခရီးထွက် လို့ရပြီ။ ရှုခင်းကောင်းကောင်းရှိတဲ့နေရာကို ရောက်တဲ့အခါ ရပ်ပြီး ကော်ဖီရောင်းရင်း မြင်ကွင်းကို ခံစားတယ်။ နေ့စဉ် ခွက် ၃၀ မှ ၄၀ ခန့် ရောင်းချရပြီး တစ်ခွက်လျှင် ယွမ် ၃၀ ကျော် ကုန်ကျတယ်လို့ပြောကြားတယ်။