“သင်တန်းဖွင့်ပြီ” -- တစ်ကမ္ဘာလုံးမှ တရုတ်ဘာသာစကား နှစ်သက်သူများအား အွန်လိုင်းတရုတ်ဘာသာစကားသင်တန်း မျှဝေပါဝင်ရန် ဖိတ်ခေါ်

(GMT+08:00)2022-04-20 16:11:12  

ဧပြီလ ၂၀ ရက်နေ့တွင် “သင်တန်းဖွင့်ပြီ” ဟူသော ကုလသမဂ္ဂ တရုတ်ဘာသာ စကားနေ့ အထူးအစီအစဉ်ကို China Media Group ၏ CCTV-1 နှင့် China Media Group Mobile တွင် တစ်ပြိုင်တည်းထုတ်လွှင့်ပြီး “တရုတ်ဘာသာစကား ရသများ” လှုပ်ရှားမှု ကိုလည်း တစ်ချိန်တည်း ကျင်းပပါကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

 ယင်းသည် China Media Group နိုင်ငံတကာသတင်းထုတ်လွှင့်ရေး စီမံကိန်း ဦးစီးဌာနက ပြည်တွင်းပြည်ပဘာသာစကားများ ကူးလူးဖလှယ်၊ ပူးပေါင်းဆောင်ရွက်ရေး စင်တာ၊ ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာတရုတ်ဘာသာစကား သင်ကြားပို့ချရေး ပလက်ဖောင်းဖြစ်သည့် တရုတ်ဘာသာစကားမဟာမိတ်အဖွဲ့နှင့် အတူ စီမံဖေါ်ဆောင်သော ကုလသမဂ္ဂ တရုတ်ဘာသာစကားနေ့ အထူးအစီအစဉ် ဖြစ်ပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် ကုလသမဂ္ဂ သတင်းရေးရာဌာနသည် ကုလသမဂ္ဂ ဘာသာစကားနေ့ စတင် ကျင့်သုံးကြောင်း ကြေညာခဲ့ပြီး ရည်ရွယ်ချက်သည် ဘာသာစကားနှင့် ယဉ်ကျေးမှု မျိုးစုံတည်ရှိရေးကို တွန်းအားပေးရန်နှင့် ကုလသမဂ္ဂမှ အစိုးရသုံး ဘာသာစကား ၆ မျိုးကို တန်းတူရည်တူ အသုံးပြုခြင်းကို တွန်းအားပေးရန် ဖြစ်ပါသည်။